Samsung Galaxy Mini GT-S5570 Root & မြန်မာ Font ထည့်နည်း



www.winkabarkyaw.blogspot.com

ပြည့်ဖြိုး:မြန်မာဖောင့်ထည့်နည်းနှင့် ဆောလ့်ဝဲလေးပါ လိုချင်လို့ပါ ကျေးဇူးပြူ၍ ဝေမျှပေးစေချင်ပါတယ်
Samsung mini GT-S5570 ဖုန်းအတွက်ပါ....
ဒီထက်ပိုပြီးနည်းပညာတွေ တိုးတက်ကျွမ်းကျင် အောင်မြင်ပါစေဗျာ....

တောင်းဆိုထားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

မြန်မာစာတွေ ရေး/ဖတ်နိုင်ဖို့အတွက် Root အရင်လုပ်ပေးရမှာပါ...။ မိမိ ဖုန်းက Android Version 2.3.3 (or) 2.3.4   ဖြစ်ရပါမယ်...

Root မလုပ်ခင် ဖုန်းထဲက အရေးကြီးတဲ့ Data တွေကို ကွန်ပျူတာ နဲ့ ချိတ်ပြီး Back Up လုပ်ပေးထားပါ...

ဘက်ထရီ 60% ရဲ့အထက်မှာ ရှိနေပါစေ...

မိမိ ဖုန်းမှာ Settings မှ Applications>Development>USB Debugging ကို Enable လုပ်ပေးထားပါ...

ဒီ Root Zip ဖိုင်လ်လေးကို ဒေါင်းယူပါ....

အဲ့ဒီ Zip ဖိုင်လ်လေးကို ဒီအတိုင်းဘာမှမလုပ်ဘဲ ဖုန်းထဲက SD Card ထဲကို Copy ကူးထည့်ပေးလိုက်ပါ...
ဖုန်းကို ပိတ်ပါ (Power Off လိုက်ပါ)

Volume up+ Key နဲ့ OK Home button ကို တစ်ပြိုငိထဲ နှိပ်ထားပါ ..

ခဏနေရင်  Recovery mode ထဲရောက်သွားပါလိမ့်မယ်...

Volume Key  + , -  Key ကို အသုံးပြုပြီး .. Update from SD Card ကိုရွေးပေးပြီး စောစောက Copy ကူးထည့်ပေးထားတဲ့  Update Zip ဖိုင်လ်ကို ရွေးပေးလိုက်ပါ...

ခဏစောင့်ပြီး  Reboot system now ပေါ်လာရင် OK Home Button ကိုနှိပ်ပေးပြီး ဖုန်းကို Restart ချပေးလိုက်ပါ....
ဖုန်းပြန်တတ်လာရင် Superuser လေးတွေ့ရရင် Root လုပ်တာ အောင်မြင်သွားပါပြီ...

=============================================

မြန်မာလို ရေး/ဖတ် နိုင်ဖို့အတွက်တော့ Zawgyi Font  နဲ့ Frozen keyboard ကိုဒေါင်းရပါမယ်။

 Download Zawgyi-One TTF 

 Download Frozen Keyboard

(or)

Download Zawgyi font & Keyboard For Android >>>>> http://www.solidfiles.com/d/4fa7d8454b/ <<< 
>>> http://www.solidfiles.com/d/bbc2209bbd/ <<<
>>> http://www.solidfiles.com/d/f147971da6/ <<<
>>> http://www.solidfiles.com/d/6895386947/ <<<


ဒေါင်းယူပြီး  နှစ်ခုစလုံးကို ဖုန်းထဲမှာ Install လိုက်ပါ။

ပြီးရင် Settings > Locale and text မှာ FrozenKeyboard ကို အမှန်ခြစ်ပေးပါ .. ပြီးတော့ 

အပေါ်နားက Select input method မှာလည်း FrozenKeyboard ကို ရွေးပေးပါ။

ပြီးရင် ပြန်ထွက်ပြီး Settings > Display ထဲက Font style ထဲဝင်ပြီး Zawgyi One TTF ကိုရွေးပေးပါ။

Restart ချပေးလိုက်ပါ။

 ပြန်တက်လာရင် မြန်မာလို ရေး/ဖတ် လို့ရသွားပါပြီ....။


Credit: http://www.newandroidupdates.com

26 comments:

ဆရာရေ ကျေးဇူးပြုပြီး ကျွန်တော့်ဖုန်းလေးကတော့ K-Touch w619 android version (1.3.6) ဖုန်းလေးပါခင်ဗျာ မြန်မာဖောင့်ထည့်တာ root မှားလို့လားမသိဘူး zawgyione ပဲထည့်တာအဆင်မပြောသလားမသိဘူး မြန်မာကီးဘုတ်ပေါ်ပြီး စာမှာ လေးဒေါင့်အကွက်လေးတွေ ဖြစ်နေလို့ ကျေးဇူးပြုပြီးကူညီပေးပါအုံးခင်ဗျာ။

ကျေးဇူးပါဘဲခင်ဗျာ..

samsung GT-S3850 ကိုရော ဘယ်လိုသွင်းရမလဲဆိုတာ
သိရင်ပြောပြပေးပါခင်ဗျာ....ကျေးဇူးတင်ပါသည်၊

အစ်ကိုရေ galaxy mini ကို version မြင့်လို့ရမလား ရှိရင်တင်ပေးပါဦးဗျာ။ ကျွန်တော့်ကိုမေးတဲ့လူတွေတော်တော်များနေလို့ ကူညီပေးပါဦး။ ထွန်းဝင်း

anybody knw how to root SINGTECH SGT-X40?

phone တွေကို root လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလို့လဲဆိုတာကို ပြောပြပေးပါလားခင်ဗျာ။ ကျနော်နားမလည်သေးလို့ပါ။ ကျနော့်လိုနားမလည်သေးတဲ့သူတွေရှိရင် လဲကျနော်မေးထားတာလေးကို ဖတ်ကြည့်မိတဲ့အခါ သိသွားနိုင်ဖို့ပါ။

contect ss.myanmar.pyay@gmail.com will help you

လင့် သေနေပါတယ်

Root Zip ကိုပြန်တင်ပေးထားပါတယ်...

Root Zip ကိုပြန်တင်ပေးထားပါတယ်...

လင့် သေနေပါတယ်

ကျွန်တော် lg-970 ကိုမြန်မာစာထည့်ချင်လို့ပါ


ကိုဝင်းကျော် ကျွန်မ မာမီထားပါ။ ကျွန်မSamsung Galaxy Y GT-S7500ကို ဒီပိုစ်ကအတိုင်း root လုပ်တာမှာ Recovery Mode ထဲရောက်ပြီ Update from sdcard ကို ရွေးလိုက်တယ်ရှင် ပြီးတော့ Home ခလုတ် ကိုနှိပ်လိုက်တယ် နောက်တဆင်ပွင့်လာတယ် အဲ့ထဲမှာ update.zipရွေးဘို့ update.zipမတွေ့ရဘူးရှင် အဲ့ထဲမှာ sd cardထဲက တခြားဖိုဒါတွေ ပေါ်နေတယ် ကြုံတာတစ်ခု့ ရွေးလိုက်တော့ reboot လုပ်ဘို့ပြလာတယ် ရီဘုတ်လုပ်ပြီး အော်တိုရီစတပ်ကျပြီး ဖုန်းပြန်ပွင့်လာတော့ superuserဆိုတာ မတွေ့ရဘူးရှင့်။ ဘယ်လိုလုပ်ရပါလဲ ကျေးဇူးပြုပါဦးရှင်....မြန်မာလို ရေးရတယ်ဆိုလို့ ဖေစ်ဘွတ်လေးကို သွားရင်းလာရင်း သုံးမလို့ပါ ကိုဝင်းကျော်ကြီးရေ ကူညီပါဦးရှင်။ ကျေးဇူးတင်လျှက် ... မာမီထား

မာမီထားရေ.... Root.zip နဲ့မရရင် ဒီ Super one click နဲ့ Root ကြည့်ပါ.... >>>> http://www.mediafire.com/?zf8uk7ovtf7lujj <<<< မြန်မာလို ရေး/ဖတ် ဖို့အတွက်ပဲဆိုရင် Root မလုပ်ပဲ ရေးဖတ်နိုင်ပါတယ်... မာမီရေ.... ZawgyiOne.ttf နဲ့ Keyboard ကို SD ထဲထည့်ပေးပြီး Install လုပ်ပေးရုံပါပဲ >>> ဒေါင်းယူပြီး နှစ်ခုစလုံးကို ဖုန်းထဲမှာ Install လိုက်ပါ။

ပြီးရင် Settings > Locale and text မှာ FrozenKeyboard ကို အမှန်ခြစ်ပေးပါ .. ပြီးတော့

အပေါ်နားက Select input method မှာလည်း FrozenKeyboard ကို ရွေးပေးပါ။

ပြီးရင် ပြန်ထွက်ပြီး Settings > Display ထဲက Font style ထဲဝင်ပြီး Zawgyi One TTF ကိုရွေးပေးပါ။

Restart ချပေးလိုက်ပါ။

ပြန်တက်လာရင် မြန်မာလို ရေး/ဖတ် လို့ရသွားပါပြီ....။ <<<<

ကိုဝင်းကျော်ကြီး ကျေးဇူးပါရှင်။ ဖုန်းက မြန်မာလိုရေးဖတ်ဘို့ပါဘဲ အခြားဟာ ဘာမှမလုပ်ပါဘူး သိတဲ့အတိုင်း ဖေစ်ဘွတ်ဘဲလေ... ကျွန်မက rootလုပ်မှဘဲ ရေးဖတ်ရတယ်ထင်ပြီး နင်းလုပ်နေတာ ဗော်လွန်အပ်ရော် ဟုမ်းရော် ဖွင့်ပိတ်ရော် ခလုတ်တွေတောင်ချောင်းကုန်ပြီရှင်။ အမယ် ယူကျူက how to root Samsung မှာ ဝင်ကြည့်ပြီးလုပ်တာ သူက ခက်လိုက်တာ ယူအက်စ်ဘီ ကြိုးနဲ့လည်း ချိတ်ပြပီးတော့ အောဒင်းနဲ့လင့်လုပ်ခိုင်းသေးတာ လက်လျှော့လိုက်ရရော.... အမယ် ယူကျူထဲက ပြောပြတဲ့ ဆရာက ခြိမ်းခြောက်သေးရဲ့ ခလုပ်တွေမှားမနှိပ်နဲ့ ဂရမ်တီပျက်သွားမယ်ဆိုဘဲ။ အဲ့ဒီ ယူအက်စ်ဘီကြိုးနဲ့ အောဒင်းဆော့ဝယ် ချိတ်တာမှာ PDAကို ကလစ်လပ်ပြပီး COM4 မီးဝါအလင်ပြအောင် စောင့်လိုက်တာ သုံးလေးနာရီကျော်ရော ဘာမှဖြစ်မလာဘူး ရပ်လိုက်ရတော့တယ်ရှင်။မနက်ဖြန် ဆမ်ဆောင်စင်တာ သွားတော့မလို့လေ.... မရုတော့ဘူး ကိုဝင်းကျော် ရှင်ပြောတဲ့ဟာဘဲ လုပ်လိုက်တော့မယ်။ မနေ့ကရော် ဒီနေ့ရော် ဖေစ်ဘွတ်မှာ ကိုဝင်ကျော်ကို စောင့်သေးတယ် ကိုဝင်းကျော်ကို မတွေ့လို့ ဝက်ဆိုက်လိုက်လာတာရှင်။ အော်ဒါနဲ့ ကျွန်မ ကိုတာဘာရူးမြို့ရောက်နေတယ်။ အဲ့ဒီမှာ ကျောင်းသစ်ဖွင့်မှာလေ နောက်နှစ်ရက်လောက်ဆို ဘန်ကောက်ပြန်ပြီ ကိုဝင်ကျော်။ ကျေးဇူးအရမ်းတင်ပါတယ် ကိုဝင်းကျော်။ Merrry X'smass& Happy New Year 2013ပါ နှစ်သစ်မှာ နည်းပညာဖြင့် လူသားအကျိုး များများသယ်ပိုးပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ္မာခြင်းနှင့် ပြည့်စုံပါစေရှင်။ (မာမီထား)

ဟုတ်ကဲ့ မာမီရေ...... Happy New Year 2013 ပါ..... kota Baru နဲ့ Penang က နီးနီးပဲ Penang ကို လာခဲ့လိုက်ရင်ပြီးရော..... :P မာမီရေ..... တကယ်ပဲ အားနာမိပါတယ်ဗျာ...... (မနက်ဖြန် ဆမ်ဆောင်စင်တာ သွားတော့မလို့လေ.... မရတော့ဘူး) ဖုန်းက ဖွင့်ကိုမရတော့တာလား မာမီ.... မြန်မာစာ ရေး/ဖတ် ဖို့အတွက်တော့ Root လုပ်စရာမလိုဘူး မာမီရေ... ပြောပြောကစောရောပေါ့ဗျာ....ဟီးးးး ဖုန်းက တကယ်လို့ဖွင့်ရသေးတယ်ဆိုရင် ဒီ ဖိုင်လ် ၂ ခုကို http://www.solidfiles.com/d/f147971da6/ http://www.solidfiles.com/d/6895386947/ ဒေါင်းယူပြီး (Driver မရှိလို့ USB ကြိုးနဲ့ ချိတ်မရလည်း ပြဿနာမရှိပါဘူး မာမီ) Card reader ကတဆင့် မာမီ့ ဖုန်းက SD Card မှာ Copy ကူးပြီးထည့်ပေးပါ... ( ဖုန်းမှာ Settings > Applications>Development>USB Debugging ကို Enable လုပ်ပေးထားပါ...) ပြီးရင် SD Card ကို ဖုန်းမှာ ပြန်တပ်ပြီး My File ဆိုတဲ့ Folder ထဲမှာ ရှိတဲ့ MyanmarKeyboard.apk ရယ် Zawgyi_One.apk ရယ် ၂ခုစလုံးကို Install ပေးပါ.... ပြီးရင် နောက်တစ်ခါ Settings > Display ထဲက Font style ထဲဝင်ပြီး Zawgyi One TTF ကိုရွေးပေးပါ ... ဒါဆိုရင်မြန်မာစာတွေ မြင်ရပါပြီ.... မြန်မာလိုရေးလို့ရဖို့အတွက်ကိုတော့ Settings > Locale and text မှာ MyanmarKeyboard ကို အမှန်ခြစ်ပေးလိုက်ရင် ရေးလို့ပါရသွားပြီ မာမီရေ.....ဝင်းကမ္ဘာကျော် ပြောတဲ့အတိုင်းလုပ်လိုက်မှ Samsung Center ကိုတောင် သွားရတော့မယ် ဆိုတာမျိုးဂျီးတော့ မဖစ်ချင်ပါဘူးဗျာ.....:P

Download Zawgyi font & Keyboard For Android >>>>> http://www.solidfiles.com/d/4fa7d8454b/ <<<
>>> http://www.solidfiles.com/d/bbc2209bbd/ <<<
>>> http://www.solidfiles.com/d/f147971da6/ <<<
>>> http://www.solidfiles.com/d/6895386947/ <<<

ကိုဝင်ကျော်... ရပါပြီ ရှင်ပြောတဲ့ ZawgyiOne.ttf နဲ့ Keyboard ကို SD ထဲထည့်ပေးပြီး Install လုပ်ပေးရုံပါပဲ >>> ဒေါင်းယူပြီး နှစ်ခုစလုံးကို ဖုန်းထဲမှာ Install လိုက်ပါ..တဲ့။ အဲ့ဒါနဲ့ လုပ်လိုက်တာ ချက်ချင်း ဖတ်လို့ ရေးလို့ရသွားတယ်နော်။ ကျေးကျူးကမ္ဘာပါ ကိုဝင်းကျော်ရှင်။ ဒါနဲ့ ကျွန်မတကယ်ကိုမသိလို့နော် .. Rootလုပ်ရတဲ့ အကြောင်းရင်းလေး အကျဉ်းချုပ် ပြောပြပါလား...ဒီလို သူများဆရာလုပ်ချင်လို့ပါ။ ဒီမယ်က အလုပ်ကောင်းပြီး ဝင်ငွေကောင်းတဲ့ ရွေပြောင်းလုပ်သား အချို့ရှိတယ်မလား ...သူတို့က ကုန်တိုက်ရောက် တတ်နိင်တော့ ဖုန်းဆို နောက်ဆုံးပေါ်တာ ဝယ်ဝယ်လာတာလေ ပြီးရင် ဖုန်ဆက်ဖို့တောင် အနိင်နိင်ဆိုတော့ ကျွန်မဆီရောက်ချလာတာ ကိုယ်ကလည်း အဲ့လောက်ကြီး ဝယ်မသုံးနိင်ဘူးဆိုတော့ ချက်ချင်းကြီးမလုပ်တတ် ခက်ကရောပေါ့ ဖုန်းဆက်တာလောက်တော့ ဖန်ရှင် အော့ရှန်းလိုက်ကြည့် လုပ်ရတာပေါနော်.. မြန်မာလို ဖတ်ချင်တယ် ရေးချင်တယ်ဆိုတော့ ဂွကျကုန်ရော်ရှင့်။ ရှင့်ဝက်ဆိုက်လေး ရှိပေလို့သား ပေါ်သမျှလေး လိုက်သုံးနိင်တာပါရှင်။ ကျွန်မ ဒီညနေပြန်ပြီရှင်။ဒီဝက်ဆိုက် အမြဲရောက်တယ် ပြီးတော့ ဒီက ကွန်ပျူတာသင်ထားတဲ့ ခလေးတွေလည်း ဝင်းကမ္ဘာကျော် ဝက်ဆိုက်ဝင်ကြည့်ပြီး လုပ်ကြဘို့ လမ်းညွှန်ပေးပါတယ်။ ကျေးဇူးပါဘဲ ကိုဝင်းကျော်ကြီးရှင်။ ခေတ်စနစ်နဲ့ ကိုက်ညီအောင် လုပ်တတ်ဘို့ လမ်းညွှန်သင်ပြပေးလို့ ဒီထက်တိုးတက်ကြီးပွားဘို့ ခရစ္စမတ်နေ့မှာ ဆုတောင်းပေးပါတယ်ရှင်။ May God bless you forever......

အစ်ကိုရေ..Root Zip က လင့်ခ်သေနေပါတယ်..အသစ်ပြန်တင်ပေးပါလား..လိုချင်လို.ပါ...

Root Zip ကိုခုပဲပြန်တင်ပေးလိုက်ပါပြီနော် အဆင်ပြေပါစေ....

Samsung Galaxy Tab 2 7.0 inch မှာ မြန်မာဖောင့် ရေးဖတ်လေးလုပ်ချင်ပါတယ်။ ဘယ်လိုဒေါင်းရမယ်...ဘယ်လို အင်စတော လုပ်ရမယ် မသိလို့ပါ။ စီဘောက်စ်ထဲမှာလဲ ရေးပေးထားပါတယ်။ အသေးစိတ်လေး ရှင်းပြပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်......

အနော့ ဖုန်းမှာ..နံပတ် ဘယ်လိုကြည့်ရလဲ ဆိုတာ သိချင်ပါတယ်...ဝယ်ကိုင်တာမကြားသေးလို့ မသိလို့ ပါ..
ကျေးဇူး တင်ပါ တယ် ..ဦးရေး..............ဟီးးးးးးးးးးးးးးး

အစ်းကိုရေ လင့်သေနေပြီ အစ်ကိုအချိန်လေးရခဲ့ရင်ပြန်စစ်ပေပါလာအစ်ကိုဝင်းကျှေဇူးအထူးတင်ပါတယ်အစ်ကို ကျွန်တော်ဖုန်းလေဘာဖြင်လိုလဲးမသိဘူး ထိုင်းကသူငယ်ချင်းတွေးအာလုံ
ခေါ်းလိုရတယ် မြန်မာနိုင်ငံကလုံးဝခေါ်းလိုမရဘူအစ်ကို တော်တော့ကောင်တဲ့ဖုန်းလေပဲး ခေါ်းလိုရအောင်လုပ်တဲ့နည်းလေရှိရင်ညွန်ပြပါလာအစ်ကို

အစ်ကိုရေ ကျွန်တော့်ဟာက tablet pc ပါ အစ်ကို သူ့ရဲ့ မော်ဒယ်ကတော့ softwinerEvd ပါ android vision က 4.0.4 ပါ ဒါကို မြန်မာဖောင့် ထည့်ချင်လို့ပါ။ ကျေးဇူးပြုပြီး ကူညီပါလား . ကီးဘုတ်ကိုတော့ ကျွန်တော့်ထည့်ထားတယ် ဒါပေမယ့် ဖောင့်မှာက font style မပါဘူးဗျာ ဘယ်လို root ရမလဲ ဆိုတာ ပြောပြစေချင်ပါတယ်အစ်ကို။ အစ်ကို့ရဲ့ ပညာကို လေးစားပါတယ်
ကျေးဇူးပြုပြီးပြောပြပေးပါနော်

အကိုညီမဖုန်းကမြန် မာဖောင့်အကုန်မရဘူး

Post a Comment